fimeware အခက်အခဲရှိသူများဒီမှာဆွဲပါ

ကျနော်တို့တွေက fimeware ရှာရင်းရွာလည်သွားတတ်လို့ ဒီမှာဆွဲရင်အဆင်ပြေတယ်ဗျ

http://www.needrom.com/

user name   Yan Aung Winn

password    tomsmith2014     ပါ

လိုအပ်သော fimewareများ ဒေါင်းယူနိုင်ပါပြီခင်မျာ

ကိုလင်း

By kolynn2010 Posted in Uncategorized

အနေထိုင် အပြုအမူ အပြောအဆို တွေက ကုသိုလ် အကုသိုလ်ဖြစ်နိုင်

လူရယ်လို့ဖြစ်လာရင် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲက ရုန်းထွက်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲလှပါတယ်။ ဘုရားကျောင်းကန်တွေသွားမယ် ဒါနကုသိုလ်တွေ ပြုမယ် တရားထူးတရားမြတ်တွေ နာကြားမယ် ၀ိပသနာတရားတွေကျင့်ကြံ အားထုတ်နိုင်တဲ့ ရှေးက ကုသိုလ်ထူးတွေ ပါရမီတွေ အလုံအလောက်ပါခဲ့ရင်တော့ ဒီလူဟာ ဒီဘ၀မှာ လူဖြစ်ရကျိုးနပ်ရုံမကပါဘူး အပယ်ကလွတ်မယ်ဆိုတာလည်း သံသယဖြစ်ဖွယ်မရှိပါဘူး။
အတိတ်ဘ၀က ကုသိုလ်ပါရမီ နည်းခဲ့လို့ဒီဘ၀မှာ စားဝတ်နေရေးတွေနဲ့ ရုန်းကန်ရတဲ့အခါမှာတော့ ကုသိုလ်ဘက်မှာလည်း အားနည်းမိမယ် တနေကုန်ပင်ပန်းလို့ ညဘက်မှာ သမထ လေးတောင် မလုပ်နိုင်တဲ့သူတွေလည်း ရှိမှာပါ။သာမာန်လူတန်းစားတစ်ယောက်အနေနဲ့ ဘ၀ကို ထိန်းကျောင်းရင်း ကုသိုလ်ဖြစ်မဲ့ အလေ့အထများဖြစ်အောင်နေထိုင်ရင်လည်း အလှူမလုပ်နိုင်ပေမဲ့ မြတ်သော စိတ်ထားလေးသာမွေးမြူနိုင်ရင် ကုသိုလ်ဖြစ်နိုင်တယ်လို့ ယုံကြည်မိပါတယ်။ Continue reading

By kolynn2010 Posted in Uncategorized

ထူးအိမ်သင် ရဲ့ အဖေ သီချင်းလေးပါ

အောက်ပါလင့် မှာ နားဆင်ခံစားကြည့်ရှု့နိုင်ပါတယ်။

  http://api.ning.com/files/Ct6G1ZLxak0Kna2f57MmI5N5Z8FBEjV*EIy0eoV3u0M4Y5sB6njGcevk5bdaDFm5LBeUXSL4aAMZTtgN9icPZZ6PFpzrOTq-/APHAY.swf

                                                 ကိုလင်း

By kolynn2010 Posted in Uncategorized

တစ်ယောက်ထဲဆိုလည်း……..

တကယ်တော့ လူ့ဘ၀ကိုရောက်လာကတဲကတစ်ယောက်ထဲပါဘဲ။မိဘကမွေးဖွားသန့်စင်ပေးတယ် ကျောင်းထားပေးတယ်။

အရွယ်ရောက်လာတဲ့အခါအဆင်ပြေသောမိဘဖြစ်ပါက အရင်းအနှီးထုတ်ပေးပြီး စီးပွားရေးလုပ်လို့ရတာပေါ့။အဆင်မပြေသော

မိသားစုက ပေါက်ဖွားလာရင်ကော……..။ Continue reading

နှစ်သစ်မှာ ဝဋ်ကြွေးရယ်ကျေချင်

ဘဝတွေက ဟောင်းပြီးရင်းဟောင်း

နှစ်တွေက သစ်ပြီးရင်း သစ်

အရင်ကနှစ်တွေထက်

ဒီနှစ်သစ်မှာကော

ပြောင်းလဲခြင်းတွေကြားမှာ တည်ငြိမ်ရင့်ကျက်ခြင်းတွေကသာ Continue reading

By kolynn2010 Posted in Uncategorized

အဆွေးဇာတာနဲ့လူ

မြင်ကတဲက ရင်နင့်စွဲကာ

ကြင်နာသမျှ တွယ်ကာထားလဲ

သူစိမ်းသွင်ပြင် မာန်ကိုတင်လျက်

အပြုံးကိုပင် မမြင်အောင်ပုန်း

ချစ်ရဆုံးက တမင်စိမ်းဧ။်။      ။

မျှော်လေသမျှ အပြုံးတွေထဲ

ရခဲလှသော အပြုံးတစ်ခု

အရှိန်လွန်ကာ ငါ့ထံရောက်ဧ။်။         ။

Continue reading

ကိုယ့်ကိုယ်ကို အားပေးပါ

လူရယ်လို့ဖြစ်လာရင် စိတ် ခံစားမှုလည်း ဖြစ်ပေါ်တာ သဘာဝပါဘဲ။ အံ့သြမယ် ၀မ်းနည်းမယ် ၀မ်းသာမယ် ပျော်ရွင်မယ် ကြည်နူးမယ် စိတ်ပျက်မယ်၊ ဒေါသထွက်မယ်၊ နာကျည်းမယ်၊ ခွင့်လွတ်မယ်..။ စိတ်ဆိုတာ ခံစားမှုမျိုးစုံအတွက်ပါဘဲ။
တခုခုကို လိုချင်မက်မောလာတဲ့အခါ ရလာရင်ဝမ်းသာမယ် မရရင် ၀မ်းနည်းမယ်ဒါက သဘာဝပါ။ ရပြီးတဲ့အရာကို ဆုံးရှုံးရမယ်ဆိုရင် ကြေကွဲဝမ်းနည်းမှုက ဘယ်အရာနဲ့မှ လှဲလို့မရအောင်ဖြစ်တတ်ပါတယ်။မိတ်ဆွေရဲ့ ဘ၀မှာကော ဆုံးရှုံးဖူးပါသလား။တကယ်လို့များ ကြုံဖူးခဲ့ရင် ကိုယ့်ကိုယ်ကို အားပေးတတ်အောင် ကြိုးစားပါ။ Continue reading